Friday 23 December 2011

အရှင်မုနိန္ဒ M.A မာဂဓတက္ကသိုလ်ဗုဒ္ဓဂယာအိန္ဒိယနိုင်ငံ သို့ ပြန်ကြားလျှောက်ထားလွှာ

အရှင်မုနိန္ဒ M.A မာဂဓတက္ကသိုလ်ဗုဒ္ဓဂယာအိန္ဒိယနိုင်ငံ။ ရေးသားသော အင်တာနက်ကို ရဟန်းတော်များ သုံးသင့် မသင့် မေးမြန်းခြင်း = ဘလော့ပို့(စ်)ကိုဖတ်ပြီး သုံးသင့်ပါတယ်အရှင်ဘုရားလို့ လျှောက်ထားလိုက်ပါတယ်၊ ဘာကြောင့်လဲဆိုတော့၊(၃၈)ပါးမင်္ဂလာတရားတော်
များထဲမှ - ဗာဟုသစ္စဉ္စ - အကြားအမြင်များခြင်းသည် မင်္ဂလာတပါးမည်၏။ ဆိုတာကို ကြည့်ခြင်းနှင့်ပင် သုံးသင့်ကြောင်း လျှေက်ထားလိုပါသည်၊ သို့သော် အသုံးပြုသောပုဂ္ဂိလ်၏ ရည်ရွယ်ချက်၊ စိတ်နေသဘောထား
အပေါ်မှာများစွာမူတည်မည်ဟု ထင်ပါသည်။ သုံးတတ်လျှင်အစွမ်းထက်သောဆေးပင်ဖြစ်သော်လည်း၊ မသုံးတတ်လျှင် ဘေးဖြစ်တတ်ပါသည်။ တစ်ကမ္ဘာလုံးမှ (ကောင်းသော/မကောင်းသော)
အကြောင်းအရာများစွာ၊ အချက်အလက်များစွာတို့ကို၊ တစ်နေရာထဲမှ သိရှိခွင့် လေ့လာခွင့်ရဘို့ဆိုတာ အင်တာနက်သုံးစွဲမှုတစ်ခုတည်းကသာ၊ စွမ်းဆောင်ပေးနိုင်မည်ဟု ထင်မိပါသည်၊ ထိုကဲ့သို့ တစ်ကမ္ဘာလုံးမှ (ကောင်းသော/မကောင်းသော)အကြောင်းအရာများစွာ၊အချက်အလက်များစွာတို့တွင်၊ရဟန်းတော်များအတွက် ၀ိနည်းသိက္ခာပုဒ်မျာျးနှင့်မလျှော်သောအကြောင်းအရာများပါသလို၊ဒုက္ခရောက်နေသူများ၊စသောသတင်းများကို
သိရှိရသောအခါ၊ ထိုသူများအတွက်ထိုဒုက္ခများမှလွတ်ပါစေကြောင်း ဆုတောင်းမေတ္တာများပို့သနိုင်သလို၊ ပရဟိတလုပ်ငန်းလုပ်ဆောင်ကြသူများအကြောင်းသိရသောအခါမှာလဲ ၀မ်းမြောက်ဝမ်းသာဖြစ်ရခြင်း၊ စွမ်းနိုင်သူများဖြစ်ပါကမိမိကိုယ်တိုင်ပါဝင်လုပ်ဆောင်ကူညီနိုင်ခြင်း၊ကျန်းမာရေးဆိုင်ရာများတွင်လဲ ခေတ်မှီဆေးဝါးများဖြင့် ကုသပြောက်ကင်းသောအကြောင်းများ၊ တိုင်းရင်းဆေးဝါးများဖြင့်ကုသပြောက်ကင်းသော
အကြောင်းများ၊ မိမိတို့၏ ပတ်ဝန်းကျင်တွင်ရှိသော အပင်-အမြစ်-အရွက်-အပွင့်-အသီး-အခေါက် စသည်တို့၏
အသုံးဝင်ပုံများကို ငွေကုန်သက်သာပြီး(စာအုပ်မ၀ယ်ရပဲ)စုံလင်စွာသိခွင့် ရရှိခြင်း၊ အနယ်နယ်အရပ်ရပ်မှ တိုးတက်မှုများစွာကို သိရှိရခြင်းစသော အချက်အလက် ဗဟုသုတများလည်း စုံလင်စွာပါရှိနေပါသည်။ သို့ပါသောကြောင့် သစိတ္တပရိယောဒပနံ - ကိုယ့်စိတ်ကိုတော့ ကိုယ်ဖြူစင်အောင်ထားပါ ဆိုတဲ့ ဆုံးမစကားလက်ကိုင်ထားပြီး၊ ဗာဟုသစ္စဉ္စ - အကြားအမြင်များခြင်းမင်္ဂလာတပါး ဖြစ်အောင် အသုံးပြု
ကြလျှင် ကုသိုယ်ပင်ရနိုင်စရာအကြောင်းများဖြစ်ပါသောကြောင့် မကောင်းတာရှောင် ကောင်းတာဆောင်ပြီး ရဟန်းတော်များ အင်တာနက်သုံးစွဲသင့်ကြောင်း ဥာဏ်မှီသမျှ အကြောင်းပြအဖြေတော်ပါးပြီး
လျှေက်ထားလိုက်ပါသည် အရှင်မြတ်ဘုရား။

No comments:

Post a Comment