Wednesday 21 December 2011

နတ်လူသာဓုခေါ်စေသောဝ်


  ၂၁.၁၂.၂၀၁၁  ရက်နေ့တွင်.သံဝေဂဆရာတော် ဦးသောမဦးဆောင်သော
ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့သည်.မြန်မာကျောင်းသားရဟန်းတော်များ ပညာသင်
ကြားရာ မာဂဓတက္ကသိုလ် အဆောင် ၃ သို့လာရောက်၍ မြန်မာနိုင်ငံမှာဘု
ရားဖူးဦးရေ ၉၅ ဦးတို့ဖြင့် မြန်မာနိုင်ငံမှအဆောင်နေပညာသင် ရဟန်းတော်
အပါး ၇၅ ပါးတို့အား  တပါးလျှင် ၁၅၀၀ ကျပ်(အိန္ဒိယ..ယူပီး)များအပြင်စား
သောက်ဖွယ်ရာလှူဖွယ်ပစ္စည်းများအား မြန်မာနိုင်ငံမှ ပထမ ဦးဆုံးဘုရားဖူး
အဖွဲ့.မာဂဓတက္ကသိုလ်ဘုရားဖူးများကိုယ်တိုင်လာရောက်လှူဒါန်းခြင်းဖြစ်ပါ
သည် ထို့အပြင် အဆောင်တွင်ပညာသင်ကြားကြကုန်သော ၇၅ ပါးတို့အ
တွက် ဦးအီစွန်+ဒေါ်လှဝင်း မိသားစု မြိတ်မြီု့က သံဃာ တပါးလျှင် ယူပီး
ငွေကျပ် ၃၀၀ စိအားလှူဒါန်းသွားပါသည်။
   ထို့လှူဒါန်းပွဲအခမ်းအနားအား အရှင်မုနိန္ဒ (စာရေးသူ) ကဆောင်ရွက်
ပြီး အစိအစဉ် (၉) ခုတို့ဖြင့်ပြုလုပ်ခဲ့ပါတယ် ပထမဆုံး ၁။နမောတဿ ၃ ကြိမ်
ရွက်ဆိုဘုရားကန်တော့၍အခမ်းအနားကိုစတင်ဖွင့်လှစ်ကြပါတယ် ထို့နောက်
၂။ရောက်ရှိလာကြကုန်သောဒကာ ဒကာမ များကို ဆရာတော် ဦးသောမ ထံမှ
ဒကာ ဒကာမ များက ငါးပါးသီလ  ခံယူဆောက်တည်ကြပါသည်
၃။မာဂဓတက္ကသိုလ်တွင်ရှိကြကုန်သော သံဃာတော်များက မေတ္တာသုတ် ပရိတ်
တရားများဖြင့်ချီးမြင့်ကြပါတယ်..ပရိတ်တရားရွက်အပြီးမှာတော့အစိအစဉ် ၄။အရ
ဆရာတော်ဦးသောမက ဒါနာကထာများဖြင့် ၅ မိနစ်ခန့်မျှတရားဓမ္မများစောကြားပါ
တယ်.၅။ လာရောက်လှူဒါန်းကြသော ဒကာ ဒကာများက မိမိတို့ရဲ့လှူဖွယ့်ဝတ္ထုတို့
အား အရှင်မုနိန္ဒ(စာရေးသူထံ) လှူဒါန်းကြပါတယ်။
၆။ လာရောက်လှူဒါန်းကြကုန်သော.ဆရာတော်ဦးသောမ နှင့်တကွ ဒကာ ဒကာမ
များအား ဦးသုဇာတ P.HD.ကကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးတော့ နောင်
တွင်လည်း ဒိထက်မကလှူဒါန်းနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်း၍ ကျေးဇူး
တင်စကားအား ၀မ်းမြောက်စွာဖြင့်ပြောကြားပါသည်.။
၇။ ဦးသုဇာတ P.H D  ထံမှလှူဒါန်းမှူ အစုအစုတို့အား ရေစက်ချအမျှပေးဝေကြပါတယ်.
၈။ဒကာ ဒကာမများကိုယ်စား ဆရာတော်ဦးသောမက အပြစ်များရှိခဲ့ပါကခွင့်လွတ်ပေးပါ
ရန်နှင့် ခင်ပွန်းကြီး ၁၀ ပါးကန်တော့အား ဆရာတော်ဦးသောမ ကတိုင်းကြားပေးပြီး မဂဓ
တက္ကသိုလ်တွင် M.A…P.H.D ပညာရပ်တွေကို သင်ကြားနေကြသော အဆောင် ၃ တွင်
သိတင်းသုံးနေထိုင်ကြကုန်သော သံဃာတော်များအား ကန်တော့ခဲ့ကြပါသည်။
၉။အခမ်းအနားအပြီးမှာတော့ ဗုဒ္ဓသာသနံစိရံတိဌတု ဂါထာရွက်ဆို၍ အခမ်းအနားကိုရုတ်
သိမ်းလိုက်ပါတယ်…၂၁.၁၂.၂၀၁၁.ရက်နေ့တွင်လှူဒါန်းသော အလှူတော်ငွေများမှာစုစု
ပေါင်းအိန္ဒိ ယူပီးငွေမှာ  (၄၇၅၀၀ )အမေရိကန်ဒေါ်လာ (၅၂၇) စင်္ကပူဒေါ်လာ (၂၀)  ကျပ်
နှင့် မြန်မာငွေကျပ် (၁၃၃၀၀၀) ကျပ်ဖြစ်ပါသည်။   ။ စာဖတ်သူပရိတ်သတ်အပေါင်းကြည်
ညီုသဒ္ဒါပွားများနိုင်ပြီး သာဓုခေါ်ဆိုနိုင်ကြပါစေသောဝ်။။
အရှင်မုနိန္ဒ M.A မာဂဓတက္ကသိုလ်။

No comments:

Post a Comment