Tuesday 10 January 2012

ဒုတိယမြောက် မာဂဓတက္ကသိုလ်အဆောင် ၃ ရဲ့ သာဓုခေါ်သံ

 ဒုတိယအကြိမ်မြောက် သံဝေဂဆရာတော် ဦးသောမဦးဆောင်သောဇဗ္ဗူသိရိဗုဒ္ဓဂယာဘုရားဖူးအဖွဲ့သည်.မြန်မာကျောင်းသားရဟန်းတော်များ ပညာသင်ကြားရာ မာဂဓတက္ကသိုလ် အဆောင် ၃ သို့လာရောက်၍ မြန်မာနိုင်ငံမှာဘုရားဖူးဦးရေ ၈၅ဦးတို့ဖြင့် မြန်မာနိုင်ငံမှအဆောင်နေပညာသင် ရဟန်းတော်အပါး ၆၂ပါးတို့အား  တပါးလျှင် ၁၄၄၅ ကျပ်(အိန္ဒိယ..ယူပီး)များအပြင်စားသောက်ဖွယ်ရာလှူဖွယ်ပစ္စည်းများအားဒုတိယအကြိမ် ဇဗ္ဗူသိရိဘုရားဖူးအဖွဲ့.မာဂဓတက္ကသိုလသို့်ဘုရားဖူးများကိုယ်တိုင်လာရောက်လှူဒါန်းခြင်းဖြစ်ပါသည် ထို့အပြင် အဆောင်တွင်ပညာသင်ကြားကြကုန်သော ၉၁ ပါးတို့အတွက် ဦးစက်ရိ(သမိး)ဒေါ်တင်တင်ရိမိသားစု နေပြည်တော်က သံဃာ တပါးလျှင် ယူပီးငွေကျပ်၅၀ စိအားလှူဒါန်းသွားပါသည်။   ထို့လှူဒါန်းပွဲအခမ်းအနားအား အရှင်မုနိန္ဒ (စာရေးသူ) ကဆောင်ရွက်ပြီး အစိအစဉ် (၉) ခုတို့ဖြင့်ပြုလုပ်ခဲ့ပါတယ် ပထမဆုံး ၁။နမောတဿ ၃ ကြိမ်ရွက်ဆိုဘုရားကန်တော့၍အခမ်းအနားကိုစတင်ဖွင့်လှစ်ကြပါတယ် ထို့နောက်၂။ရောက်ရှိလာကြကုန်သောဒကာ ဒကာမ များကို ဆရာတော် ဦးသောမ ထံမှဒကာ ဒကာမ များက ငါးပါးသီလ  ခံယူဆောက်တည်ကြပါသည် ၃။မာဂဓတက္ကသိုလ်တွင်ရှိကြကုန်သော သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားများဖြင့်ချီးမြင့်ကြပါတယ်..ပရိတ်တရားရွက်အပြီးမှာတော့အစိအစဉ် ၄။အရမာဂဓတက္ကသိုလ်မှာဦးဥာာဏုတ္တရက အနုမောဒနာများဖြင့် ၅ မိနစ်ခန့်မျှတရားဓမ္မများဟောကြားပါတယ်.၅။ လာရောက်လှူဒါန်းကြသော ဒကာ ဒကာများက မိမိတို့ရဲ့လှူဖွယ့်ဝတ္ထုတို့အား အရှင်မုနိန္ဒ(စာရေးသူထံ) လှူဒါန်းကြပါတယ်။၆။ လာရောက်လှူဒါန်းကြကုန်သော.ဆရာတော်ဦးသောမ နှင့်တကွ ဒကာ ဒကာမများအား ဦးသုဇာတ P.HD.ကကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးတော့ နောင်တွင်လည်း ဒိထက်မကလှူဒါန်းနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်း၍ ကျေးဇူးတင်စကားအား ၀မ်းမြောက်စွာဖြင့်ပြောကြားပါသည်.။၇။ ဦးဥာာဏုတ္တရထံမှလှူဒါန်းမှူ အစုအစုတို့အား ရေစက်ချအမျှပေးဝေကြပါတယ်.၈။ဒကာ ဒကာမများကိုယ်စား ဆရာတော်ဦးသောမကနောက်နှစ်တွင်လည်း မာဂဓတက္ကသိုလ်တွင် ပညာသင်ကြားနေကြသောမြန်မာကျောင်းသားရဟန်းတော်များအားဇဗ္ဗူသိရိ ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့မှ ၁၀ ကြိမ်းတိုင်တိုင်လာရောက်လှူတန်းမည့်အကြောင်းပြောကြားပြိးနောက်အပြစ်များရှိခဲ့ပါကခွင့်လွတ်ပေးပါရန်နှင့် ခင်ပွန်းကြီး ၁၀ ပါးကန်တော့အား ဆရာတော်ဦးသောမ ကတိုင်းကြားပေးပြီး မဂဓတက္ကသိုလ်တွင် M.A…P.H.D ပညာရပ်တွေကို သင်ကြားနေကြသော အဆောင် ၃ တွင်သိတင်းသုံးနေထိုင်ကြကုန်သော သံဃာတော်များအား ကန်တော့ခဲ့ကြပါသည်။၉။အခမ်းအနားအပြီးမှာတော့ ဗုဒ္ဓသာသနံစိရံတိဌတု ဂါထာရွက်ဆို၍ အခမ်းအနားကိုရုတ်သိမ်းလိုက်ပါတယ်…၅. ၁ .၂၀၁၂.ရက်နေ့တွင်လှူဒါန်းသော အလှူတော်ငွေများမှာစုစုပေါင်းအိန္ဒိ ယူပီးငွေမှာ  (၄၄၄၇၀ )အမေရိကန်ဒေါ်လာ (၈၉၄) ကျပ်နှင့် မြန်မာငွေကျပ် (၄၂၀၀၀) ကျပ်ဖြစ်ပါသည်။   ။ စာဖတ်သူပရိတ်သတ်အပေါင်းကြည်ညီုသဒ္ဒါပွားများနိုင်ပြီး သာဓုခေါ်ဆိုနိုင်ကြပါစေသောဝ်။။ အရှင်မုနိန္ဒ M.A မာဂဓတက္ကသိုလ်။ ashinmunainda.mm@gmail.com ph..0091-8083379577

No comments:

Post a Comment