Thursday 14 November 2013

ပဋ္ဌာန်း(၂၄)ပစ္စည်း

( ၁ ) ဟေတုပစ္စယော=ဟိတ်ခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ညောင်ပင်မြစ်သည် ညောင်ပင်အား မြဲမြံခိုင်ခံ့စွာတည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့
လောကီအာရုံ ကာမဂုဏ်တို့၌လိုချင်မှုရှိသော လောဘ၊ကြမ်းတမ်းသောခက်ထန်ခြင်း အမျက်ထွက်ခြင်းရှိသော ဒေါသ၊မကောင်းသော အယူဝါဒကို မစွန့်ဘဲ ငိုက်မြည်းတွေဝေခြင်းရှိသော မောဟ၊ လောကီအာရုံ ကာမဂုဏ်တို့၌လိုချင်မှုမရှိသော 

အလောဘ၊နူးညံ့စွာ ယဉ်ကျေးလိမ္မာ၍ ကြမ်းတမ်းခက်ထန်ခြင...်း၊အမျက်ထွက်ခြင်း မရှိသော အဒေါသ၊ကောင်းသောအယူဝါဒကို လက်ကိုင်ထားပြီး ယုံမှားသံသယများဖြင့် ငိုက်မြည်းတွေဝေးခြင်း မရှိသောအမောဟတရားတို့သည်စိတ်၊စေတသိတ်တရားတို့အားအလိုသို့လိုက်၍ ဖြစ်စေခြင်းဖြင့်
 ကျေးဇူးပြုခြင်းငှာ ဟေတုပစ္စည်းတရားကိုဟောတော်မူသည်။

( ၂ )အာရမ္မဏပစ္စယော=အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
တောင်ဝှေးသည် မသန်မစွမ်းသူတို့အား အလိုရှိရာသို့ ရောက်စေ၍ အထောက်အကူပေးသကဲ့သို့အဆင်း(ရူပါရုံ)၊အသံ(သဒ္ဓါရုံ)၊အနံ့(ဂန္ဓာရုံ)၊အရသာ
(ရသာရုံ)၊အတွေ့အထိ(ဖောဋ္ဌဗ္ဗာရုံ)၊စိတ်ခံစားမှု(ဓမ္မာရုံ)ဟူသောအာရုံခြောက်ပါး
တို့သည် ကုသိုလ်၊အကုသိုလ်တရားတို့ကို အကျိုးအကြောင်းများဖြင့် မိမိစိတ်ကို အထောက်အကူပြုပေးသကဲ့သို့ ကျေးဇူးပြုခြင်းငှာ အာရမ္မဏပစ္စည်း တရားကိုဟောတော်မူသည်။

( ၃ ) အဓိပတိပစ္စယော=အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရား
စကြဝတေးမင်းသည် ပြိုင်ရဲသူ၊ပြိုင်သူမရှိလောက်အောင် ဇွဲ၊လုံးလအပြည့်ဖြင့် အုပ်ချုပ်သကဲ့သို့အလိုဆန္ဒအလွန်ပြင်းပြခြင်းဟူသောဆန္ဓာဓိပတိ၊အားထုတ်ခြင်း
လုံးလဟူသောဝီရိယာဓိပတိ၊လွန်စွာညွတ်ခြင်းကိုင်းရှိုင်းခြင်းစိတ်ဓာတ်ပြင်းထန်ခြင်း
ဟူသော စိတ္တာဓိပတိ၊အသိဥာဏ်ပညာဖြင့် အသင့်ဆင်ခြင်ခြင်းဟူသော ဝီမံသာဓိပတိဟူသောအဓိပတိတရားများသည်အားကောင်းရာသို့လိုက်၍
ကျေးဇူးပြုခြင်းငှာ အဓိပတိပစ္စည်းတရားကိုဟောတော်မူသည်။

(၄)အနန္တရပစ္စယော=အခြားမဲ့တဆက်တည်းအကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရားစကြာ

ဝတေးမင်း နတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တဆက်တည်းဖြစ်ခြင်း၊နောက်နောက် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန်အတွက် ရှေ့ရှေ့စိတ် အစဉ်တွေပျက်ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရပစ္စည်းတရားကိုဟောတော်မူသည်။

( ၅ ) သမနန္တရပစ္စယော=ကောင်းစွာ(အခြားမဲ့)တဆက်တည်း အကြားမရှိ အတားအဆီးမရှိ၍ ကျေးဇူးပြုတတ်သောတရား။စကြာဝတေးမင်း တောထွက်၍ ရဟန်းပြုခြင်းသည်အကြီးဆုံးသောသားရတနာအားတဆက်တည်းအကြားမရှိကောင်းစွာမင်း

(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မြင်စိတ်သိစိတ် ကောင်းလျှင်ကောင်းသည်ဟုဝန်ခံခြင
မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည် စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင်အခြားမရှိဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကိုဟောတော်မူသည်။

(၆)သဟဇာတပစ္စယော=တပြိုင်နက်အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ဆီမီးသည် ညှိထွန်းသည်နှင့်တပြိုင်နက် အလင်းရောင်နှင့်အတူတကွ ဖြစ်ပေါ်စေသကဲ့သို့ ခံစားမှုဝေဒနာ ဖြစ်သည်နှင့်တပြိုင်နက် မှတ်သားမှုသညာ၊ပြုပြခြင်းသင်္ခါရ၊အသိရှိမှု ဝိဥာဏ်ဟူသောနမ်ခန္ဓာလေးပါးတို့ကိုတစ်ပေါင်းတည်းအတူတကွ ဖြစ်စေခြင်းဖြင့်
ကျေးဇူးပြုခြင်းငှာ သဟဇာတ ပစ္စည်းတရားကိုဟောတော်မူသည်။

( ၇ ) အညမညပစ္စယော=အချင်းချင်း အပြန်အလှန်မှီ၍ ကျေးဇူးပြုတတ်သောတရား
သစ်သားသုံးချောင်းသည် မလဲမပြိုရအောင် ခိုင်မြဲစွာ တစ်ချောင်းနှင့်တစ်ချောင်း အမှီပြုသကဲ့သို့သိမှု၊ခံစားမှုဟူသော ရုပ်တရား၊နာမ်တရားတို့သည်လည်း အချင်းချင်း အပြန်အလှန်ကျေးဇူးပြုခြင်းငှာ အညမညပစ္စည်းတရားကိုဟောတော်မူသည်။

(၈ ) နိဿယပစ္စယော=မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
နောက်ဖြစ်ပေါ်လာသော သစ်ပင်စသည်တို့ကို မှီ၍ ဖြစ်ထွန်းရန်အတွက် မြေကြီးသည် ပထမဆုံးအရင် ထောက်ပံ့ပေး၍ ရပ်တည်ရာဖြစ်စေသကဲ့သို့ ရုပ်တရားသည် အာဟာရကိုမှီ၍ ကျေးဇူးပြုခြင်းငှာ နိဿယပစ္စည်းတရားကိုဟောတော်မူသည်။

(၉)ဥပနိဿယပစ္စယော=အားကြီးသောမှီရာအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။မိုးတွင်းအခါ ရွာသောမိုးကြီးသည် ထိုမိုးကို အမှီပြုကုန်သော သစ်ပင် သတ္တဝါ၊လယ်ယာမြေ၊တော၊တောင်အစရှိသည်တို့အားကောင်းလာအောင် ကျေးဇူးပြုသကဲ့သို့

လည်းကောင်း၊သဒ္ဓါတရားကို အခြေခံ၍ အမှီပြုကုန်သော ပုဂ္ဂိုလ်တို့သည် ဥပုသ်သီလစောင့်ထိန်းခြင်း၊သမထ၊ဝိပဿနာ၊ဘာဝနာများအားထုတ်ခြင်းကြောင့် မဂ်တရား၊ဖိုလ်တရားများနှင့်နိဗ္ဗာန်ရောက်အောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကံ၊စိတ်၊
ဥတု၊အာဟာရဟူသော အကြောင်းတရားတို့သည် အားကြီးသော မှီရာဖြစ်၍ ပုဂ္ဂိုလ်သတ္တဝါတို့အား ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဥပနိဿယပစ္စည်းတရားကိုဟောတော်မူသည်။

( ၁၀ ) ပုရေဇာတပစ္စယော=ရှေ့၌ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရား။
ကမ္ဘာဦး၌ပထမဆုံးအရင်ဖြစ်နှင့်သော နေ၊လတို့သည် နောက်မှဖြစ်သည့်သတ္တဝါအပေါင်းတို့အား

အလင်းရောင်ပေး၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊မိဘတိုင်းသည် သားသမီးများထက်အရင်ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေ့မှဖြစ်နှင့်သော လျှာသည်အရသာအား နောက်မှဖြစ်၍ ကျေးဇူးပြုခြင်းငှာပုရေဇာတပစ္စည်းတရား
ကိုဟောတော်မူသည်။

( ၁၁ ) ပစ္ဆာဇာတပစ္စယော=နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
သားကောင်း၊သမီးကောင်းများသည် ဥစ္စာပညာ ပြည့်စုံ၍ မိဘတို့အား နောက်မှပြန်၍ လုပ်ကျွေးစောင့်ရှောက်ခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊အရှင်ဗာကုလ ရဟန္တာမထေရ်အလောင်းတော်သည် မွေးပြီးစနို့စို့အရွယ်တွင်သမုဒ္ဒရာအလယ်၌ ရေထဲသို့ ကျသွားရာ ရေနစ်၍ မသေခဲ့ပါ။ထို့သို့မသေခြင်းသည် နောင်အခါ ရဟန္တာဖြစ်မည့် သတ္တိကအရှင်ဗာကုလမထေရ်အားမသေစေရန်အကျိုးပြုသကဲ့သို့လည်းကောင်း၊ရုပ်တရားတွေ

လန်းဆန်းတည်တံ့ နေအောင်စိတ်တရားများကထက်သန်မှုအပြည့်ဖြင့်
နောက်မှနေ၍ ကျေးဇူးပြုခြင်းငှာ ပစ္ဆာဇာတပစ္စည်းတရားကိုဟောတော်မူသည်။

(၁၂)အာသေဝနပစ္စယော=အဖန်တလဲလဲမှီဝဲအပ်ထုံမွှမ်းအပ်သည့်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား

။ရှေးရှေး၌ ပန်းပေါင်းစုံတို့ဖြင့် စီမံရောပြွမ်းထားသော နံ့သာအား အမွှေးနံ့ အလွန်တိုးပွား ခိုင်မြဲစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးက သင်ယူတတ်မြောက်ထားခဲ့သည့် စာပေကျမ်းဂန်များသည် နောက်နောင်မှ သင်ယူရသည့် စာပေးကျမ်းဂန်တို့ကို လေ့လာမှတ်သားခြင်းငှာ ထောက်ပံ့ကာ အခြေခံအတွက် အားကောင်း၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးက အဖန်ဖန်ပြုလုပ်ခဲ့သောကုသိုလ်၊အကုသိုလ်တရားများသည် နောက်နောင်မှ ပြုလုပ်
သည့်ကုသိုလ်၊အကုသိုလ်တရားများအတွက် ကောင်းကျိုး၊မကောင်းကျိုးတို့ကိုတိုးပွားစေ၍

 ကျေးဇူးပြုခြင်းငှာ အာသေဝနပစ္စည်းတရားကိုဟောတော်မူသည်။

( ၁၃ )ကမ္မပစ္စယော=ပြုလုပ်စီခြင်းဖြင့် ဗီဇမျိုးစေ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
သစ်ပင်အပေါင်းတို့သည် ကောင်းစွာပြုပြင် စီမံအပ်သော မျိုးစေ့၊အညွန့်၊အညှောက်၏ အမူအရာသို့လိုက်၍ ကောင်းမကောင်း ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကောင်းသော

အမှုကိစ္စကိုပြုလုပ်ဆောင်ရွတ်သူအား ထိုအတိုင်းပင် ကောင်းကျိုးချမ်းသာများကို ရရှိခံစားပြီး မကောင်းသော အမှုကိစ္စကို ပြုလုပ်ဆောင်ရွတ်သူအား မကောင်းသော ဒုက္ခ၏ဆိုးကျိုးများကို ရရှိခံစားရမှာ ဖြစ်စေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ကမ္မပစ္စည်းတရားကိုဟောတော်မူသည်။

( ၁၄ ) ဝိပါကပစ္စယော=အကျိုးရလာဒ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
တိုက်ခတ်လာသော လေပြေ၊လေညှင်း၊လေနုအေးသည် သစ်ပင်ကြီးများ၏ အရိပ်အောက်၌ နေသောသူအားကိုယ်ရောစိတ်ပါချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊

ကုသိုလ်ကံတရားကြောင့် ကုသိုလ်၏ အကျိုးကို ဖြစ်စေတတ်သော လူဘုံ၊နတ်ဘုံတို့၌ခံစားရမည့်အကုသိုလ်ကံတရားကြောင့်အကုသိုလ်၏အကျိုးကို
ဖြစ်စေတတ်သော ငရဲဘုံ၊တိရိစ္ဆာန်ဘုံတို့၌ ခံစားစေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ဝိပါကပစ္စည်းတရားကိုဟောတော်မူသည်။

( ၁၅ )အာဟာရပစ္စယော=ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြု
တတ်သောတရား။ထောက်ကန်ထားသော အကူ ဒေါက်တိုင်သစ်သားသည် အိမ်အို၊အိမ်ဟောင်းအား လေဒဏ်၊မိုးဒဏ်ကြောင့်မလဲမပြိုစေရန် မြဲမြဲခိုင်ခံ့စေခြင်းငှာ
ကျေးဇူးပြုသကဲ့သို့ ထို့အတူပင် ဆုံးဆယ့်တစ်ဘုံ၌ ရှိသော သတ္တဝါအားလုံးမှာ အသက်ဆက်၍ ရှင်သန်နိုင်ရန် အတွက် ရုပ်အာဟာရ၊နာမ်အာဟာရ နှစ်ပါးက ပံ့ပိုးထောက်ကူပေးခြင်းဖြင့် ကျေးဇူးပြုခြင်းငှာအာဟာရပစ္စည်းတရားကို ဟောတော်မူသည်။

( ၁၆ ) ဣန္ဒြိယပစ္စယော=အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
တိုင်းပြည်တစ်ပြည်အတွင်း၌အသီးသီးဆိုင်ရာကိစ္စတာဝန်များကို ပေးအပ်ခြင်းခံရသော မင်း၊မှူးမတ်တို့သည်မိမိ၏တာဝန်များကိုအသီးသီးခွဲဝေ၍ပိုင်ပိုင်နိုင်နိုင် ဆောင်ရွတ်သကဲ့သို့

ဣနြေ္ဒ(၂၂)ပါးရှိရာတွင်စက္ခုနြေ္ဒဟူသော မြင်သိစိတ်သည် မြင်သိစိတ်အားသာ
၊သောတိနြေ္ဒဟူသောကြားသိစိတ်သည်ကြားသိစိတ်အားသာအစိုးရခြင်းဖြင့်
ကျေးဇူးပြုခြင်းငှာဣန္ဒြိယပစ္စည်းတရားကိုဟောတော်မူသည်။

(၁၇)ဈာနပစ္စယော=ကပ်၍စူးစူးစိုက်စိုက်ရှု့တတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။တောင်ထိပ်ဖျား

၊သစ်ပင်ဖျားသို့တက်၍ ကြည့်သော သူသည် အနီးအဝေး အရပ်မျက်နှာတို့ကိုထင်ရှားတပ်အပ်မြင်ခြင်း၊ထိုမြင်ခြင်း၌အလိုရှိသောသူအား
ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ဈာန်ငါးပါး၊ကုသိုလ်ဈာန်စသည်တို့ကို စူးစူးစိုက်စိုက် အာရုံပြုလျှင် အမြင်မှန်တရားများရကာ နောက်ဆုံး နိဗ္ဗာန်ရောက်သည်အထိ အကျိုးပြုသကဲ့သို့လည်းကောင်း၊အဖန်ဖန်သုံးသပ်ခြင်းစသော တရားတို့သည် အတူဖြစ်ဖက်စိတ်တရား၊ရုပ်တရားတို့အားထင်ရှားစွာ အောင်မြင်မှုကို ဖြစ်စေခြင်းဖြင့်
ကျေးဇူးပြုခြင်းငှာ ဈာနပစ္စည်းတရားကိုဟောတော်မူသည်။

(၁၈)မဂ္ဂပစ္စယော=ကျွတ်လွတ်ထွက်မြောက်သောနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရားဤမှာ

ဖက်ကမ်းစပ်မှဟိုမှာကမ်းစပ်သို့ကူးပြောင်းသွားသော ဖောင်၊ကူတို့သမားသည်ဤမှာဘက်ကမ်းစပ်မှ
လွတ်မြောက်သွားသကဲ့သို့လည်းကောင်း၊သမ္မာဒိဋ္ဌိ
(ကောင်းစွာသိမြင်ခြင်း)။သမ္မာသင်္ကပ္ပ(ကောင်းစွာကြံခြင်း)၊သမ္မာဝါစာ(ကောင်းစွာပြောဆိုခြင်း)၊

သမ္မာကမ္မန္တ(ကောင်းစွာလုပ်ဆောင်ခြင်း)၊သမ္မာအာဇီဝ(ကောင်းစွာအသက်မွေးခြင်း)သမ္မဝါယမ
(ကောင်းစွာအားထုတ်ခြင်း)၊သမ္မာသတိ(ကောင်းစွာအောက်မေ့
သတိရှိခြင်း)၊သမ္မာသမာဓိ(ကောင်းစွာတည်ကြည်ခြင်း)ဟူသောကုသိုလ်မဂ္ဂင်တရား(၈)ပါးတို့သည်ေ

ကာင်းသည့် အရာဝတ္ထုမှန်သမျှကို သယ်ယူပို့ဆောင် ခေါ်ငင်သည်၏ အဖြစ်ကြောင့်ကုသိုလ်တရားများဖြစ်ပွားပြီးသံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြောင်းဖြစ်သောဟိုမှာ
ဘက်ကမ်းရှိချမ်းသာစစ်ချမ်းသာမှန်လှမ်းရောက်နိုင်သကဲ့သို့ ကျေးဇူးပြုခြင်းငှာ မဂ္ဂပစ္စည်းတရားကိုဟောတော်မူသည်။

(၁၉ ) သမ္ပယုတ္တပစ္စယော=အတူတကွယှဉ်ပြီး ရောစပ်နေသည်ဖြစ်၍
ကျေးဇူးပြုတတ်သောတရား။နှင်းဆီ၊ထောပတ်၊ပျားရည်၊သကာရည်၊(နို့ရည်)ဟူသော စတုမဓူသည် အရသာလေးမျိုးကို တစ်ခုစီခွဲခြား၍ မရအောင် ရောစပ်ခြင်းဖြင့် စိတ်၊ဖဿ၊ဝေဒနာ၊သညာဟူသော ခံစားမှု၊မှတ်သားမှုစသော နာမ်တရားများသည် အာရုံတစ်ခုကို ခံစားလျှင် အတူတူယှဉ်ပြီး တစ်ပြိုင်နက်တည်းဖြစ်ကြကာ တစ်ခုစီခွဲခြား၍ မရနိုင်အောင် ရောနှောပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။

(၂၀)ဝိပယုတ္တပစ္စယော=အတူတကွမရောစပ်မယှဉ်စပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ချို၊ချဉ်

၊စပ်၊ဖန်၊ခါးဟူသော ခြောက်ပါးသောအရသာသည် ရောထားသော်
လည်းအချင်းချင်းမနှီးမနှောမရောမပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊နေမင်းသည် သမုဒ္ဒရာနှင့်မရောမစပ်သော်လည်း မိုးရွာခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊နှလုံးအိမ်ဟူသောရုပ်တရားတို့သည်နာမ်တရားများနှင့် မရောစပ်ဘဲတစ်မျိုးစီသာအာရုံပြုခြင်းဖြင့် ကျေးဇူးပြုခြင်းငှာဝိပ္ပယုတ္တပစ္စည်းတရားကိုဟောတော်မူသည်။

(၂၁ ) အတ္ထိပစ္စယော=ပစ္စုပ္ပန်၌ ထင်ရှားစွာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
မြင်းမိုရ်တောင်မင်းသည်မိမိထင်ရှားရှိခိုက်မိမိကိုအမှီပြုနေသော မြက်၊သစ်ပင်စသည်တို့အား

 ပြန့်ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊အစားအသောက်အာဟာရတွေ ဗိုက်ပြည့်ဝအောင်သုံးဆောင်ခြင်းသည် လောလောလတ်လတ် ထင်ရှားရှိဆဲ ခန္ဓာကိုယ်ကိုတည်တံ့တိုးပွားအောင် အကျိုးပြုစေသကဲ့သို့ မြေ၊ရေ၊မီး၊လေ ဟူသောမဟာဘုတ်တရားတို့သည် ထိုတရားကို ချယ်လှယ်သော ရုပ်တရားတို့အား ထင်ရှားရှိခိုက် ကျေးဇူးပြုခြင်းငှာ အတ္ထိပစ္စည်းတရားကိုဟောတော်မူသည်။

(၂၂ ) နတ္ထိပစ္စယော=မရှိသည်ဖြစ်၍ မရှိမှ ကျေးဇူးပြုတတ်သောတရား။
ဆီမီးငြိမ်းသွားခြင်းသည်အမိုက်အမှောင်ကိုရခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ညအခါ

ကုန်လွန်သွားခြင်းသည် နေ့အခါ ရောက်ဖို့ရန်ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးစိတ်တို့ချုပ်ငြိမ်း၍ မရှိခြင်းသည် နောက်နောက်စိတ်ဖြစ်ဖို့ရန်အတွက် မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်းငှာ နတ္ထိပစ္စည်းတရားကိုဟောတော်မူသည်။

(၂၃ ) ဝိဂတပစ္စယော=ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
နေမင်းအရောင်ကွယ်ပျောက်သွားခြင်းသည်လမင်း၏အရောင်ကိုထွန်းလင်းစေသကဲ့သို့ လောဘ

၊ဒေါသ၊မောဟ၊တရားများကင်းပျောက်သွားလျှင်အမှားနှင့်အမှန်ကိုခွဲခြားသိစေခြင်းဖြင့်ကျေးဇူးပြုခြင်းငှာ ဝိဂတပစ္စည်းတရားကိုဟောတော်မူသည်။

(၂၄ ) အဝိဂတပစ္စယော=မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
မဟာသမုဒ္ဒရာရေသည် မိမိကိုမှီကုန်သောငါး၊လိပ်တို့နှင့်မကင်း၊မကွာခင် ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့အာဟာရသည် ဥပါဒ်၊ဌီ၊ဘင်ဟူသော လက္ခဏာငယ်သုံးချက်ချုပ်ပျောက်ခါနီးထိ အသက်ရှင်စဉ် ကာလ၌ သာ ကျေးဇူးပြုခြင်းငှာ အဝိဂတပစ္စည်းတရားကိုဟောတော်မူသည်။
ဒေါက်တာအရှင်ကောဝိဒစာရ(ပဋ္ဌာန်းစာအုပ်)မှရေးသားခြင်းဖြစ်ပါသည်။

၁၀. ၁၁. ၂၀၁၃ မှ ၁၄ .၁၁ .၂၀၁၃ အထိမဟာဗောဓိ စေတိအတွင်း( ၄ ) ကြိမ်မြောက်
ကျင်းပပြုလုပ်ပေးသောပဌာန်းပွဲကို Sponsored By: Reward Family Foundation...
Dr U Aung Win + Daw Ou Ou Aung , Ma Thoung Phyo Su Lardh Hlaing Family. Royal Reward Resort Hostel , Pyin Oo Lwin , Mandalay Division.
ထိုမိသားစုတို့၏ ၄ ကြိမ်မြောက် ပဌာန်းအောင်ပွဲအဖြစ် ဂုဏ်ပြုကုသိုလ်အဖြစ်
ဝမ်းမြောက် ၀မ်းသာ သာဓုခေါ်ဆို ကုသိုလ်ပွားနိုင်ရန် မျှဝေလိုက်ပါသည်။
အရှင်မုနိန္ဒ(ပန်းထော်)

No comments:

Post a Comment